ထာဝရအလှပိုင်ရှင် သို့မဟုတ် သခွားသီး
25-Feb-2017သခွားသီးဟာ အသားအရေလှစေတယ်၊ အသားအရေစိုပြည်စေတယ်ဆိုတာ ပျိုမေအများစု သိထားပြီးသားပါ။ ကိုရီးယားကားတွေထဲမှာ ဆိုလဲအသားအရေစောင့်ရှောက်မှု အနေနဲ့ သခွားသီးကပ်တာဟာ မြင်ဖူးနေကျပါ။ ဒါပေမယ့် သခွားသီးကို အလှအပအတွက် စွဲစွဲမြဲမြဲ သုံးတဲ့သူတွေက နည်းပါတယ်။ သိပြီးသား သာမန် အကြောင်း အရာတစ်ခု အနေနဲ့ အမှုမဲ့ အမှတ်မဲ့ပဲ နေမိကြတယ်။
သခွားသီးပုံမှန်ကပ်ခြင်းကြောင့် ရရှိတဲ့ အံ့မခန်း အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။
• သခွားသီးကို ညအိပ်ရာဝင်ချိန် မျက်လုံးပေါ်ကပ်ပေးရင် မျက်ကွင်းညိုတာ၊ မျက်လုံးဖောင်းအစ်တာတွေကို သက်သာစေပါတယ်။ မျက်လုံးတဝိုက်ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာစေပါတယ်။ မျက်လုံးအေးအေးလေး နဲ့ နှစ်နှစ်ခြိုက်အိပ်ပျော်စေပါတယ်။
• သခွားသီးဟာ မျက်နှာပေါ်ရှိတဲ့ အမဲစက်တွေ၊ နေလောင်ဒဏ်ရာတွေကို အချိန်တိုအတွင်း သက်သာစေပါတယ်။
• သခွားသီးဟာ ဗီတာမင် စီ များစွာပါပြီး အရည်ရွှမ်းတာမို့ မျက်နှာကို ရေဓာတ်လျင်မြန် စွာ ဖြည့်ပေးပြီး မျက်နှာအသားအရေကို တင်းရင်းစေပါတယ်။ သခွားသီးပုံမှန်ကပ်တဲ့ သူတွေဆို မျက်နှာလေးတင်းရင်းပြီး ချွေးပေါက်တွေမရှိတာ လက်တွေ့ပါ။
• သခွားသီးအရည်ကို သံပရာရည် နည်းနည်းရောပြီး မျက်နှာကို လိမ်းပေးတာကတော့ အကောင်းဆုံး သဘာဝ အသားဖြူနည်းတစ်ခုပါ။
• မျက်နှာသစ်ဆေး၊ မျက်နှာပေါင်းတင်ခရမ်တွေက အခန့်မသင့်ရင် အသားအရေကို ထိခိုက်စေပါတယ်။ ဒါကြောင့် သခွားသီးလေးတစ်လုံးနဲ့ သဘာဝအလှကို ဖန်တီးနိုင် ကြပါစေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Lei ( Healthcare.com.mm)
Ref; Visual.ly